ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်။

 

ကျိုက်ထို၊ဇွန် ၂၃

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုပါတီကော်မတီဝင် ဦးဌေးလွင်၏ လမ်းညွန်မှုဖြင့် မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးဇေယျာဦး ဦးဆောင်ပြီး ကျိုက်ထိုမြို့နယ် မြောက်ပိုင်း ရပ်ကွက် ရှိ ရေဝပ်သော လမ်းများ နှင့် တိုးချဲ့ ရပ်ကွက်ရှိ လမ်းများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။