ပန်းဘဲတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်
ပန်းဘဲတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၃) ရပ်ကွက်အတွင်းရှိ လမ်းများအား မိုးရာသီသွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်နေ ပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးဦးကျကာလ၌ သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းရှင်းစေရန်အတွက် လမ်းအသီးသီးရှိ ရေမြောင်းများ၊ နေအိမ် ကြားများအား ခြင်ဆေးဖျန်းဆောင်ရွက်ခဲ့ကြပြီး COVID-19 ၉ ကာလ ကျန်းမာရေး ဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။ မောင်စိန်ဝင်း