မိတ္ထီလာမြို့ အမှတ် (၁) တပ်မတော် စစ်ဆေးရုံကုတင် (၅၀၀) တွင် ဆေးဝါးကုသမှုခံယူမည့် တောင်သာနှင့်မလှိုင်မြို့နယ်တို့မှ ဒေသခံပြည်သူများအား မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် ရင်းရင်းနှီးနှီးတွေ့ဆုံ
ဇွန်(၁၇)၊မိတ္ထီလာ သုတ
မိတ္ထီလာမြို့၊ အမှတ် (၁) တပ်မတော်စစ်ဆေးရုံကုတင် (၅၀၀) တွင် ဆေးဝါးကုသရန် ခေတ္တရောက်ရှိလာသည့်
တောင်သာနှင့်မလှိုင်မြို့နယ်တို့မှ ဒေသခံပြည်သူများအား ယနေ့နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြော
ကြားခဲ့သည်။
တွေ့ဆုံရာသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အတူ တိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးကျော်စန်း၊ ဦးရွှေနန်း၊ မိတ္ထီခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝင်းသီတာ၊ မလှိုင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ တောင်သာမြို့နယ် ပါတီကော်မတီဝင်များ လိုက်ပါခဲ့ကြောင်း သိရသည်။
မလှိုင်နှင့်တောင်သာမြို့နယ်များမှ မျက်စိ၊ နှလုံးနှင့်ကျောက်ကပ် ဝေဒနာခံစားနေရသည့် ဒေသခံပြည်သူ (၅၄၄) ဦးအား အမှတ် (၁) တပ်မတော်စစ်ဆေးရုံ ကုတင် (၅၀၀) တွင် အထူးကုဆရာဝန်ကြီးများမှ ယခုလ (၁၅) ရက်မှ (၂၅) ရက်အထိ ဆေးဝါးကုသမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အလှူရှင်ဦးသန့်ဆွေ မိသားစု မှလည်း လိုအပ်သည်များကို ထောက်ပံ့ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး