ဓမ္မစကူးလ်ဆရာ ဆရာမ ၄၄၉ ဦးအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်
တနင်္သာရီ ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင်တနင်္သာရီမြို့နယ် ဓမ္မစကူးလ် ကော်မတီ ဦးဆောင်များ ကြီးမှူး၍ မြို့နယ် အတွင်းရှိ ဓမ္မစကူးလ်ဌာန (၅၇)ဌာနမှ ဓမ္မစကူးလ် ဆရာဆရာမ ၄၄၉ ဦးတို့အား COVID-19 ကာလအတွင်း စိတ်ဓာတ်ခွန် အားမြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက သာသနာ့ဝုဎိုပါလ ချောင်းကြီးကျောင်းတိုက် ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး တနင်္သာရီမြို့နယ် ဓမ္မစကူးလ်သြဝါဒါ စရိယဆရာတော် အနောက်မော်တုံးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသ တိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီ ဥက္ကဋ္ဌ မြိတ်မြို့အေးရိပ်ချောင် ကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒနှင့်မြို့နယ် ဓမ္မစကူးလ်ကော်မတီ သြဝါဒါစရိယ လယ်သစ်ကျောင်းကြီး ဆရာတော်ဘဒ္ဒန္တ ဝိသုန္ဒတို့ကသြဝါဒ စကားများမြွက်ကြားတော်မူကြပြီး မြို့နယ်ဓမ္မစကူးလ် ကော်မတီဥက္ကဋ္ဌ သဘော့လိပ်ဝဏ္ဏသီရိကျောင်း ဆရာတော်ဘဒ္ဒန္တ တေဇောဘာသက စားသောက်ကုန်များ စုပေါင်းလှူဒါန်းပေးကြသော စေတနာရှင်အလှူရှင်များအား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မြွက်ကြားပြီး တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ်ကမြို့နယ် အတွင်းရှိ ဓမ္မစကူးလ်ဆရာ ဆရာမ ၄၄၉ ဦး အတွက် တစ်ဦးချင်းထောက်ပံ့မှု၏ စားသုံးကုန်အမျိုး အမည်အရေအတွက်နှင့် ကုန်ကျမှုများမှ ဆရာဆရာမ တစ်ဦးလျှင် ဆန်ရှစ်ပြည်တစ်အိတ်၊ ကြက်သွန်နီတစ်ပိဿာ၊ ဆီတစ်လီတာတစ်ဘူး၊ မာမားခေါက်ဆွဲ လေးထုပ်၊ ငါးသေတ္တာလေးဘူး တန်ဖိုးငွေကျပ်၁၂၅ဝဝရှိပြီး စုစုပေါင်း ကုန်ကျသည့်ငွေ တန်ဖိုးမှာ ငွေကျပ် ၆၃၂ဝဝဝဝ ခန့်ကုန်ကျခဲ့ ကြောင်းစာရင်းရှင်းတမ်းကို ရှင်းလင်းလျှောက်တင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၄င်းတို့ထောက်ပံ့ လှူဒါန်းသည့် စားသောက်ကုန်များကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ရာ ဆရာတော် ကြီးများက ပူဇော်ခံတော်မူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် မြိတ်ခရိုင်ဓမ္မစကူးလ် ကော်မတီဥက္ကဋ္ဌ မြိတ်မြို့အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသက ရေစက်သွန်းချ ပေးတော် မူခဲ့ကြောင်း သိရသည်။
ဖြူမျိုး(တနင်္သာရီ)