ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများ ပြည်သူများသို့ အခမဲ့ဖြန့်ဝေ

 

ကြာအင်းဆိပ်ကြီး ဇွန် ၁၁

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ပြည် ခိုင်ဖြိုးပါတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကCOVID-19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဝေငှခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ သံပုရာကျေးရွာနှင့် ဘုရားသုံးဆူ မြို့သွားလမ်းမကြီးရှိ တံတားဦးကျေးရွာတို့တွင် ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လူငယ် တာဝန်ခံ၊ ပြည်နယ်အမျိုးသမီးရေးရာ တာဝန်ခံ၊ ပြည်နယ်ပါတီကော်မတီဝင်၊ ပြည်နယ်လူငယ်တာဝန်ခံများ၊ ကော့ကရိတ် ခရိုင် လူငယ်နှင့် အမျိုးသမီးရေးရာတာဝန်ခံ၊ ပြည်နယ်လူလှုပ်ရှားမှု အဖွဲ့ခေါင်းဆောင်များ၊ ကြာအင်းဆိပ်ကြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ လူငယ်အဖွဲ့များ စုပေါင်း၍ ခရီးသွားပြည်သူများ၊ ကျေးရွာအတွင်းရှိ နေအိမ်များသို့ door to door စနစ်၊ ကျေးရွာဈေးများတွင် Mask အခမဲ့ ဖြန့်ဝေခြင်းကို မွန်းတည့် ၁၂ နာရီထိ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်နီနီအောင်