သမ္မတထရမ့်အစိုးရကို သမ္မတဟောင်း အိုဘားမား ဝေဖန်

လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ကို လူသိရှင်ကြား ပြစ်တင်ဝေဖန်မှုအဖြစ် အများက မှတ်ယူထားသော ပြောဆိုမှုအ တွင်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက COVID- 19 ကမ္ဘာ့ကပ်ရောဂါကို အမေရိ ကန်အစိုးရ၏ တုံ့ပြန်ပုံအား ဝေ ဖန်သည်။

ရောဂါပျံ့နှံ့မှုကြောင့် ပိတ်ဆို့ထားသဖြင့် ဘွဲ့နှင်းသဘင် မကျင်းပနိုင်ဖြစ်ရသော အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသားများအတွက် အွန်လိုင်းမှ မိန့်ခွန်း ပြောကြားမှုနှစ်ခုအတွင်း အိုဘားမားက ဝေဖန်ခြင်းဖြစ်သည်။

ခေါင်းဆောင်များသည် ဟန်ဆောင်ပန်ဆောင်ပင် တာဝန်ယူမှုမရှိကြဟု အွန်လိုင်းအခမ်းအနားတွင် ကမ္ဘာ့ကပ်ရောဂါ၏ ရှုပ်ထွေးမှုများအကြောင်း ဆွေးနွေးစဉ် အိုဘားမားက ပြောကြားသော်လည်း ခေါင်းဆောင်များ၏ အမည်ကို ပြောကြားခြင်း မရှိပေ။

အထက်တန်းကျောင်းသားများအတွက် ပြုလုပ်သော အခမ်းအနားတစ်ရပ်တွင် အိုဘားမားက ခေါင်းဆောင်များ လုပ်ပေးရန် ပျက်ကွက်သော နေရာများတွင် လူငယ်များ ပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀,၀၀၀ ခန့်ရှိပြီး ကူးစက်သူ ၁ ဒသမ ၄ သန်းရှိကာ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ထိခိုက်သော နိုင်ငံဖြစ်သည်။

အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်နေစဉ် ယခုနှစ် ဘွဲ့ရကျောင်းသားများမှာ မရေရာသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

အလုပ်လက်မဲ့ဖြစ်မှုဆိုင်ရာ အကျိုးကျေးဇူးများ ရရှိရေးအတွက် လျှောက်ထားသူ ၃၆ သန်း ရှိနေစဉ် ဒေါ်နယ်ထရန့်အစိုးရ၏ ကမ္ဘာ့ကပ်ရောဂါကို ကိုင်တွယ် ဖြေရှင်းပုံနှင့်ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လာသည်။

Ref: AFP