လျှပ်စစ်မီးလင်းနိုင်ရေး ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပြည်သူ့လွှတ်တော်ရုံး အဖွဲ့များက ဝိုင်းဝန်း ကူညီဆောင်ရွက်

 

နေပြည်တော် မတ် ၁ဝ

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင်ဇေယျာသီရိမြို့နယ် ကျောက်ချက်အုပ်စု သာယာအေးကျေးရွာ မီးလင်းနိုင်ရေး အတွက်မီးလိုင်းအလှူရှင် ဗိုလ်ချုပ်ကြီးသူရ သက်ဆွေနှင့်ဇနီးဒေါက်တာ ဝေမာထွန်း မိသားစုအား ပထမဦးစွာ ကျေးရွာတွင်းရှိ ပြည်သူများ၏ကိုယ်စား အထူးပင်ကျေးဇူး တင်ပါကြောင်း မြို့နယ်ကျေးရွာများမှ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်က ပြောကြားသည်။

ကျေးရွာ နေ့ချင်းမီးလင်းရေး လျှပ်စစ်မီးဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ မြို့နယ်ပြည်သူ့လွှတ်တော်ရုံး အဖွဲ့များဖြစ်သည့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးနှင့်ကော်မတီဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဇော်မျိုးနိုင်၊ ကျောက်ချက်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်ရပ်မိရပ်ဖများ၊ ရွာခွဲစည်းမှူးများ၊ အုပ်စုပါတီဥက္ကဋ္ဌများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြပြီး ယမန်နေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ အောင်မြင်စွာ ကျင်းပခဲ့သည်။