ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၆ဝ၁၈ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၆ဝ၁၈ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့နံနက် ၄ နာခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွာငံမြို့နယ် ရွာငံ-ကျောက်ဆည်သွားကားလမ်းတွင် ရွာငံဘက် မှ ကျောက်ဆည်ဘက်သို့ မိတ္ထီလာ မြို့နယ် မုန်တိုင်ကျေးရွာနေ မောင် မောင်လွင်(ခ)မြင့်ဇော်လွင်(၄၉ နှစ်) မောင်းနှင်ပြီး သီပေါမြို့နယ်၊ ပန် မိတ်ကျေးရွာအုပ်စု ပန်ညုကျေးရွာ နေသူများဖြစ်သည့် စိုင်းစိန်ဝင်း (၄၂ နှစ်)နှင့် စိုင်းဆန်ပေါင်(၄၂ နှစ်) စီးနင်းလိုက်ပါလာသည့်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် အံဝှက်ပြုလုပ်သိုဝှက်သယ်ဆောင်လာသော ICE အလေးချိန် ၂၁၇ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၄၃၄ဝဝ ) ၊ မိုင်းခံစက္ကူများဖြင့် ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၈ဝဝဝ (ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း၁၆၇၈ဝ)နှင့်လက်ကိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိသဖြင့် ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။ union