ပတ်စ်ပို့တ်အတုပြုလုပ်မှု သံသယဖြင့် ရော်နယ်ဒင်ဟို ဖမ်းဆီးထိန်းသိမ်းခြင်းခံရ

ဘာစီလိုနာနှင့်ပီအက်စ်ဂျီကစားသမားဟောင်းရော်နယ်ဒင်ဟိုသည် နိုင်ငံဖြတ်ကျော်ခွင့်အချက်အလက်ကို အတုပြုလုပ်ခဲ့သည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသူဖြစ်သည်။ အသက် ၃၉ နှစ်ရှိပြီဖြစ်သော ရော်နယ်ဒင်ဟို သည် မကြာသေးမီကာလအတွင်း ကလည်း အကြွေးပြဿနာများကို လိမ်လည်ရှောင်ထွက်ရန် ကြိုးစားခဲ့သည်ဆိုသော စွဲချက်ဖြင့်ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ယခုအခါတွင် ပါရာဂွေးနိုင်ငံ သို့ သွားရောက်မှု၌ ပတ်စ်ပို့တ်အတုကို သုံးစွဲခဲ့သည်ဆိုသောစွဲချက်နှင့် ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။ ပြီးခဲ့သော ကြာသပတေးနေ့တွင် ပါရာဂွေးအာဏာပိုင်များက ဘောလုံး အကျော်အမော်တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၄င်း သည် ၂ဝဝ၂ ကမ္ဘာ့ဖလားကို ရခဲ့သူဖြစ်သည်။ Ref; Soccerway