မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်သူ့အတွက် အာမခံချက် ဗီနိုင်း ပိုစတာဖွင့်ပွဲ အခမ်းအနားကျင်းပ

 

မန္တလေး မတ် ၃

မန္တလေးမြို့ ၃၅လမ်း၊ လမ်း ၉ဝ နှင့် ၉၁ လမ်းကြားရှိ မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ”ပိုမိုတောက်ပသော အနာဂတ်ဆီသို့ ဗီနိုင်းပိုစတာနှင့် ပြည်သူ့အတွက် အာမခံချက်ကိုးချက်ပါ ဗီနိုင်းပိုစတာနှစ်ခုဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် ဗီနိုင်းပိုစတာဆိုင်းဘုတ်များအား ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များဖြစ်သည့် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူနှစ်ဦးက ကြိုးဆွဲဖွင့် လှစ်ပြီးနောက် မင်္ဂလာအချိန်ကျ ရောက်သောအချိန်၌ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ မဟာအောင်မြေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးယဉ်မောင်ဟိန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းစိုး၊မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးမြအောင်တို့က ဗီနိုင်းပိုစတာများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး၊ ဦးကျော်စန်း၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါ လှိုင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ မဟာအောင်မြေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးယဉ်မောင်ဟိန်း၊ မြို့နယ်ပါတီ အတွင်း ရေးမှူး ဦးသန်းစိုး၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးမြအောင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သုတ(မန္တလေး)