ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဧရာဝတီတိုင်းဒေသကြီး တိုင်း၊ခရိုင်၊ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး၊ ဧရာဝတီတိုင်းတာဝန်ခံ ဦးသန်းထွန်းသည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းပါတီရုံးတွင် တိုင်း၊ ခရိုင်၊မြို့နယ် ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဗဟိုအတွင်းရေးမှုး၊ ဧရာဝတီ တိုင်းပါတီတာဝန်ခံ ဦးသန်းထွန်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမူဆောင် ဦးသိန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးညဏ်လင်းတို့ အပါအဝင် တိုင်းဒေသကြီးကော်မတီဝင်များ၊ခ ရိုင်နှင့်မြို့နယ် အသီသီးတို့မှ ပါတီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။