မလေးရှား ၀န်ကြီးချုပ် ရာထူးကနေ ရုတ်တရက် နုတ်ထွက်

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် မဟာမိတ်အင်အား စုများနှင့် သဘောထားကွဲလွဲခြင်းကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

အသက် ၉၄နှစ်အရွယ်ရှိပြီဖြစ်သော မဟာသီယာမိုဟာမက်သည် ၂ဝ၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ယခင်က အဓိကပြိုင်ဘက်ဖြစ်ခဲ့သော အန်ဝါအီဘရာဟင်နှင့် မဟာမိတ်အဖြစ် ပူးပေါင်းနိုင်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ကမ္ဘာ့သမိုင်း၌ အသက်အကြီးဆုံးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း၌ အန်ဝါအီဘရာဟင်နှင့် မဟာ သီယာမိုဟာမက်ကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမလေးရှားအစိုးရကို ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့အတွင်း၌ အုပ်စုကွဲမှုများ ဖြစ်ပေါ်နေသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် ဝန်ကြီးချုပ်ရာထူးမှ မဟာသီယာမိုဟာမက်သည် အံ့အားသင့်ဖွယ် နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့သော်လည်း မဟာသီယာမိုဟာမက်အနေဖြင့် မလေးရှားအစိုးရအဖွဲ့အား ပြန်လည်ဖွဲ့စည်းဖွယ်ရှိနေသည်။

Ref; BBC