ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ နာရေးထောက်ပံ့ငွေနှင့် အလှူငွေများ ပေးအပ်
ကြံခင်း ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုပါတီကော်မတီဝင် ဒေါက်တာဌေးဝင်း၊ ဧရာဝတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ဟင်္သာတ ခရိုင်ပါတီ ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ်၏ နေအိမ်သို့ သွားရောက်ခဲ့သည်။ ထို့နောက် ဗဟိုအတွင်းရေးမှူးနှင့် အဖွဲ့သည် ယခုလ ၂၁ ရက်က ကွယ်လွန်သွားသော ကြံခင်းမြို့နယ် ပါတီဥက္ကဋ္ဌ၏ မိခင်ဒေါ်သန်းဌေး၏ နာရေးအတွက် ပါတီဗဟိုဌာနချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်တို့မှ ကူညီထောက်ပံ့ငွေများနှင့် ဆရာတော်များအား ဆက်ကပ်လှူဒါန်းရန် လှူဖွယ်ဝတ္ထုများကို မိသားစုထံပေးအပ်ပြီး ရင်းနှီးနွေးထွေးစွာ အားပေး စကား ပြောကြားခဲ့သည်။ အောင်ဆန်းဝင်း(ကြံခင်း)