ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံ

 

မန္တလေး ဖေဖော်ဝါရီ ၁၃

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာပါတီတို့မှ ပါတီ တာဝန်ရှိသူများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့် ပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့က နှုတ်ခွန်းဆက်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းဇော်မင်းက ဒေသဆိုင်ရာ အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ယနေ့ကျင်းပသော အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏ မောင်လွင်၊ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးလင်းဇော်မင်း၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  သုတ(မန္တလေး)