ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့မှ ပါတီဝင်အသစ်များ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ
ဖေဖော်ဝါရီ(၁၃)၊
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်လာသော ပါတီဝင်အသစ်များ၏ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၁ နာရီ ၃၀ မိနစ်အထိ ပုသိမ်ကြီးမြို့နယ် ပါတီရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့မှ အဖွင့်အမှာစကားများ အသီးသီးပြောကြား ခဲ့ကြသည်။
ထို့နောက် ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့မှ ပါတီဝင်အသစ်များကိုယ်စား ပါတီဝင်အသစ်နှစ်ဦးမှ ပါတီဝင်အဆိုပြုလွှာများအား မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်ထံသို့ အသီးသီးပေးအပ် ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ပုသိမ်ကြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီအတွင်းရေးမှူးများ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ ပါတီဝင်အသစ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ယနေ့ကျင်းပသော အခမ်းအနားတွင် ပုသိမ်မြို့နယ်ပါတီသို့ ပါတီဝင်အသစ် (၂၇၁) ဦးနှင့် အောင်မြေသာစံမြို့နယ်ပါတီသို့ ပါတီဝင်အသစ် (၈၄) ဦး စုစုပေါင်းပါတီဝင်အသစ် (၃၅၅) ဦးတို့သည် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သုတ