ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဇလွန်မြို့နယ် ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အရပ်ဘက် အဖွဲ့အစည်း များနှင့် ရင်းနှီးချစ်ခင်စွာ တွေ့ဆုံ

 

ဇလွန် ဖေဖော်ဝါရီ ၁ဝ 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ ပါတီအတွင်း ရေးမှူး၊ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင်ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ရပ်ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့်ပါတီ အောင်နိုင်ရေးအတွက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကိုရှင်းလင်း ဆွေးနွေးခြင်း၊ နယ်မြေခံပါတီ ကော်မတီ ဝင်များ အနေဖြင့်မိမိနယ်မြေများအလိုက် တာဝန်ဝတ္တရားများ၊ တာဝန်ယူထားမှု အခြေအနေများကို ရှင်းလင်းခြင်း၊ နယ်မြေကွင်းဆင်းမှု အခြေအနေများကို တင်ပြခြင်းနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပါတီကော်မတီဝင်များ အနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ မူဝါဒများကို ရှင်းလင်းချပြခြင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌအနေဖြင့် မိမိ၏တာဝန်ဝတ္တရားများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းချပြဆွေးနွေးခြင်းနှင့် တက်ရောက်ခဲ့သူများက အသီးသီး တစ်ဦး ချင်းစီ ဆွေးနွေးရှင်းလင်းခဲ့မှုအပေါ် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက လိုအပ်သည်များဖြည့်စွက် ဆွေးနွေးခြင်း၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းခြင်း၊ ပါတီအောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်း၍ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း သည် ဧရာဝတီတိုင်း ဒေသကြီးဇလွန်မြို့နယ်မှ အရပ်ဘက် လူ့အဖွဲ့အစည်းများဖြစ်သော ဓမ္မစကူးလ် ဆရာ ဆရာမများ၊ ပရိတ်အသင်းများ၊ သွေးလှူအသင်းများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ များနှင့် ပါတီကော် မတီဝင်များ၊ ဇလွန်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။