ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ကျောင်းကုန်းမြို့နယ် ချောင်ကြီးကျေးရွာ၌ ပါတီဆိုင်းဘုတ်တင် ဒေသခံရပ်မိ ရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး

 

ကျောင်းကုန်း ဖေဖော်ဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ချောင်ကြီးကျေးရွာ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲသို့ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်ဒေါက်တာထိန်ဝင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်နှင့်အတူ တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး ကျောင်းကုန်းမြို့နယ် ချောင်ကြီးကျေးရွာမှ ဒေသခံရပ်မိရပ်ဖ၊ ပြည်သူများနှင့် ရင်းနှီးချစ်ခင်စွာ ဆွေးနွေးပွဲ စကားဝိုင်း ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲ စကားဝိုင်းတွင် တက်ရောက်လာကြသည့် ဒေသခံရပ်မိရပ်ဖ များမှ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲအကျပ်အတည်းများကို ရင်ဖွင့်ပြောကြားခြင်း၊ လက်ရှိဖြစ်ပေါ်လျက် ရှိသည့် စပါးဈေးအကြောင်းများ၊ မီးရထားလမ်း၊ ဆေးရုံဆေးပေးခန်းများ အကြောင်းနှင့် မိမိတို့သိလိုသည်များကို ဆွေးနွေး ခဲ့မှုအပေါ်ပါ တီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌဦးကျော်ကျော်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က ပြန်လည်ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် ပါတီဗဟို အတွင်း ရေးမှူးသည် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပါတီရုံး အစည်းအဝေးခန်းမ၌ ရပ်ကျေး ပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်များ၊ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့သည်။