ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်နှင့်မြို့နယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီ နေပြည်တော်ခရိုင်ပါတီနှင့် မြို့နယ်ပါတီကော်မတီများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။ လုပ်ငန်းညှိနှိုင်းပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ပြည်ထောင်စုနယ်မြေ နာယကများ ဖြစ်ကြသော ဦးခင်မောင်ဌေး၊ ဦးမှတ်ကြီးတို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်က ပါတီအတွင်း စည်းလုံးညီညွတ်ရေးနှင့် ပါတီ အောင်နိုင်ရေး ကိစ္စများရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ခရိုင်ကော်မတီဝင်များက မြို့နယ်တွင်း ပါတီလုပ်ငန်းဆောင်ရွက်ချက်များ၊ ပါတီအောင်နိုင်ရေးကိစ္စများ ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌနှင့် နာယက ကြီးများက ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အောင်အောင်(နေပြည်တော်)