အမျိုးသားမီတာ(၁၀၀)ရွှေတံဆိပ်ဆုကို ကိုးလ်မန်းရယူ

ကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပနေတဲ့ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသားမီတာ(၁၀၀)ပွဲမှာ အမေရိကန်နိုင်ငံသား ခရစ္စတီယန်ကိုးလ်မန်းရွှေတံဆိပ်ရပါတယ်။ (၂၀၁၇)လန်ဒန်ပြိုင်ပွဲမှာငွေတံဆိပ်ဆုရခဲ့တဲ့ ကိုးလ်မန်းကအခု ပြိုင်ပွဲမှာ (၉ဒဿမ၇၆)စက္ကန့်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကိုးလ်မန်းရဲ့ ဒီရာသီအကောင်းဆုံး စံချိန်လည်း ဖြစ်ပါတယ်။ ချန်ပီယံဟောင်း အမေရိကန်နိုင်ငံသားဂတ်လင်းက (၉ဒဿမ၈၉) စက္ကန့်နဲ့ ဒုတိယရခဲ့ပြီး ကနေဒါနိုင်ငံသား ဒီဂရက်စီက တတိယရပါတယ်။ အမျိုးသမီးမီတာ(၁၀၀၀)ပြေးပွဲမှာ နယ်သာလန်နိုင်ငံသူ ဆီဖန်ဟန်ဆန်က(၃၀)မိနစ် (၁၇ဒဿမ၆၃)စက္ကန့်နဲ့ရွှေတံဆိပ် ရပါတယ်။ အီသီယိုးပီးယား နိုင်ငံသူ ဂီဒီကဒုတိယနဲ့ကင်ညာနိုင်ငံသူ အက်ဂ်နက်စ်တီ ရော့စ်ကတတိယရပါတယ်။ အမျိုးသား အလျားခုန် ပြိုင်ပွဲမှာ ဂျမေကာနိုင်ငံသား တာဂျေးဂေးလ်က(၈ဒဿမ၆၉)မီတာခုန်ပြီးရွှေတံဆိပ်ဆုရပါတယ်။ ဒါဟာသူ့အတွက် ဒီရာသီအကောင်းဆုံးစံချိန်လည်းဖြစ်ခဲ့ပါတယ်။ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲမှာလည်း ဒီအန်နာပရိုက်စ်က ချန်ပီယံဆု ရတဲ့ပထမဆုံး အမေရိကန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီအန်နာပရိုက်စ်က (၇၇ဒဿမ၅၄) မီတာ အကွာအဝေးရောက်အောင် ပစ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။