ဝါးစိမ်းတောင် ဓာတ်သတ္တုရှာဖွေရေး စီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြ

ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ စမ်းသပ်ခွင့်ပြုပေးလိုက်တဲ့ ဝါးစိမ်းတောင် ဓာတ်သတ္တုရှာဖွေရေး စီမံကိန်း ဖျက်သိမ်းပေးဖို့ ဝါးစိမ်းတောင်ဒေသခံ အများအပြား မုံရွာမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။ လက်ပံတောင်းလိုပဲ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် လက်တလောမှာ ပြုလုပ်ဖို့ သဘောမတူကြတာ ဖြစ်တယ်လို့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုလှမင်းနိုင်က ပြောပါတယ်။ မြန်မာယန်စီကုမ္မဏီ ဓာတ်သတ္တု ရှာဖွေတိုင်းတာ၊ ပြည်သူတွေ ဆန္ဒမပါပဲ ပြည်ထောင်စုဝန်ကြီးထံ တိုင်းအစိုးရ သဘောထားမှတ်ချက်ပေးတာ၊ ပြည်သူတွေဘ၀ အလေးမထား ကုမ္ပဏီ အလိုမရှိတာ စတဲ့ အချက်တွေ အပါအ၀င် ငါးချက်တောင်းဆိုကြပါတယ်။  rfa