ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကျေးရွာပြည်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ

 

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာပြည်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်တွေ့ဆုံရာတွင် ဖြုတ်ခွဲအုပ်စုမှ စက်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာ ပြည်သူများနှင့် ယနေ့နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်တွင်းရော ပြင်ပပါမကျန် ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာပြည်သူများက လည်း သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြရာ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ရင်းရင်းနှီးနှီး ရှင်းလင်း ပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အောင်အောင်