သမ္မတထရမ့်၏ ကုလမိန့်ခွန်းတွင် တရုတ်နှင့် အီရန်အကြောင်း ထည့်သွင်းပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အခုလ ၂၄ ရက် ကုလသမဂ္ဂမိန့်ခွန်းမှာ ကမ္ဘာ့ ကုန်သွယ်ရေး၊ ကမ္ဘာ့ လုံခြုံရေးတွေအကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ အီရန်နိုင်ငံကို အဓိက ဦးတည်ပြီး ပြောသွားခဲ့တာပါ။ သမ္မတ ထရမ့်က အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံရဲ့ တရားမျှတမှု မရှိတဲ့ ကုန်သွယ်ရေးအလေ့အထတွေ ကြောင့် ဖြစ်ပေါ်နေတဲ့ စီးပွားရေး မတရားမှုတွေကို အဆုံးသတ်လိုတာဖြစ်တယ်လို့ ဆိုပါတယ်။ “နိုင်ငံတကာ ကုန်သွယ်ရေးစနစ်ဟာ အရမ်းကို သစ္စာမရှိတဲ့ နိုင်ငံတွေရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတာ ဆယ်စုနှစ်နဲ ချီနေပါပြီ။ တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုတဲ့ ကတိကို ဖျက်ခဲ့ရုံတင် မဟုတ်ပါဘူး။ ဈေးကွက်ကို ကြီးမားတဲ့ အဟန့်အတားတွေဖြစ်စေတဲ့ စီးပွားရေးပုံစံတွေ အသုံးပြုတယ်။ အစိုးရက ငွေကြေးအကြီးအကျယ် ထည့်သွင်းတယ်။ ငွေဈေး ကစားတယ်။ နည်းပညာတွေကို ဖိအားပေး လွှဲပြောင်းစေတယ်။ မူပိုင်ခွင့်တွေ၊ ကုန်သွယ်မှု လျှို့ဝှက်ချက်တွေ ခိုးယူတာ တွေ လုပ်ခဲ့ပါတယ်။ အမေရိကန် ပြည်သူတွေအတွက် ဒီလို ဆိုးရွားတဲ့ သဘောတူညီချက်မျိုး ကျွန်တော် ခွင့်မပြုနိုင်ပါဘူး”လို့လည်း ဆက်ပြောပါတယ်။ ကမ္ဘာ့လုံခြုံရေးနဲ့ ပတ်သက်လို့တော့ သမ္မတထရမ့်က နိုင်ငံတွေအားလုံးမှာ ပါဝင်ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ဆိုပါ တယ်။ “တာဝန်ယူမှု ရှိတဲ့ ဘယ်အစိုးရကမှာ အီရန်ရဲ့ သွေးဆာမှုကို ထောက်ခံမှာ မဟုတ်ပါဘူး။ အီရန်ဘက်က ဒီလို ဆက်လုပ် နေမယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ချမှာမဟုတ်ပါဘူး။ ဆက်ပြီး တင်းကျပ်သွားမှာပါ”လို့လည်း ဆက်ပြောပါတယ်။ one news