ရုပ်ရှင်လောကသား အလွှာခုနှစ်ခုမှ အဖွဲ့အစည်းများအား ပြည်ခိုင်ဖြိုးပါတီက အလှူငွေများ ပေးအပ်လှူဒါန်းခြင်း

 

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရုပ်ရှင်အနုပညာလောကသားများ ဖွဲ့စည်ထားတဲ့ အလွှာခုနှစ်ခုက သာရေးနာရေး အသင်းများအား အလှူငွေ ပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဌ ဦးသန်းဌေးနှင့် ပါတီဗဟို အလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ တက်ရောက်ချီးမြှင့် ခဲ့ကြပါသည်။

အဆိုပါ အလှူငွေပေးအပ် လှူဒါန်းပွဲအား ၂၂-၉-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြလုပ် ခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်အနုပညာ လောကသားတို့ ဖွဲ့စည်းထားသော အလွှာခုနှစ်ခုက အဖွဲ့အစည်းများ ထံသို့ ပြည်ခိုင်ဖြိုပါတီမှ အလှူငွေကျပ် သိန်း (၄၀၀) ကျော် လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ “ကျွန်တော်ဒီကနေ့ အခုလို လာရောက်တွေ့ဆုံမှု မိမိတက်နိုင်သလောက် ထောက်ပံ့ မှုတွေ လုပ်မယ်လို့ စဉ်စားလိုက်တဲ့ အချိန်မှာ စိတ်ထဲမှာ ငါဒီအလုပ်ကို သွားလုပ်တဲ့အတွက် ငါတို့ကို လာပြီးတော့ မဲဆွယ်တယ် စည်းရုံးတယ်လို့ ဒီလိုများ ထင်မလားဆိုတဲ့ ခံစားချက်က အတော်ကြီးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နောက်ခံစာတန်းထိုးတဲ့ အခါမှာလည်း ပြည်ခိုင်ဖြိုးပါတီလည်း မထည့်နဲ့ ပါတီတံဆိပ်လည်း မထည့်နဲ့ ရိုးရိုးသာမာန် လှူးဒါန်းပွဲ ဒါမှမဟုက် စေတနာရှင်များလို့သာ ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့တယ်”ဟု ပြောဆိုခဲ့ပါသည်။

“ရုပ်ရှင်တစ်သက်တာဆုရှင် ဘဘဘိုကလေးတင့်အောင်၊ ရုပ်ရှင်တစ်သက်တာဆုရှင် ဒေါ်မြင့်မြင့်ခင်၊ အမေများ အဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောတို့အဖွဲ့၊ ဇာတ်ပို့ဇာတ်ရန်အဖွဲ့၊ ဇာတ်ညွှန်းအလွှာအဖွဲ့၊ တည်းဖြတ်အလွှာအဖွဲ့၊ စက်မှုအလွှာ အဖွဲ့တွေကို အလှူငွေပေးအပ်ခဲ့တာ ဖြစ်ပါတယ်။  ရုပ်ရှင်လောကသားတွေအတွက် များပြာတဲ့ အလှူငွေမဟုက်ပေမယ့် တစ်ဖက်တစ်လှမ်းက ကူညီထောက်ပံ့ ပေးခြင်းဖြစ်ပြီး ရုပ်ရှင်လောကသားတွေကို လေးစားတန်းဖိုးထားခြင်း တစ်ခုသာဖြစ်တယ်” လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးမှ ဆက်လက်ပြောကြား ခဲ့ပါသည်။ “ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲဟာ ကျွန်တော်တို့ နားလည်သလောက်တော့ ဗီဒီယိုခေတ် နည်းနည်းလေးဖြစ်သွားတယ်။ အဲဒီအခါမှာသရုပ်ဆောင် အများအပြာအတွက် ခုနက ဝမ်းရေလုပ်ရကိုင်ရတာ အကြပ်အတည်း အချို့ရှိတယ်လို့ ဒီလိုဘဲနားလည်ပါတယ်။ ခေတ်ကာလာတစ်ခုမှာ ရုပ်ရှင်ကားအရေးအတွက် ဟာလည်း တစ်နှစ်တစ်နှစ်ကို ထွက်တဲ့ကား အရေအတွက်ကန့်သက်မှု ဖြစ်လာတဲ့အတွက် ဒီလောကကို မှီခိုနေတဲ့ အခုဒီထဲမှာ ကျွန်တော်တွေ့လိုက်တဲ့ အလွှာခုနှစ်ခုလောက်က လောကသားတွေ အားလုံးအတွက် ဘဝ ရပ်တည်ရေးအတွက် မိမိတို့လိုအပ်သလောက် ဖွံ့ဖြိုးတိုးတက်နိုင်မှု မရှိဘူးလို့ ဒီလိုဘဲ တွေ့မြင်ရပါတယ်” ပါတီဥက္ကဌ ဦးသန်းဌေးမှ ပြောကြား ခဲ့ပါသည်။

ရုပ်ရှင်အလွှာအသီးသီးက တာဝန်ရှိသူများကလည်း အခုလို ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲ့ တွေ့နေချိန်မှာ အသိအမှတ်ပြုလာရောက် လှူဒါန်းပေးခြင်း၊ အရောင်အသွေးမပါပဲ စေတနာသန့်သန့်နဲ့ လာရောက်လှူဒါန်း ပေးခြင်းအား ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြား ခဲ့ပါသည်။