ပင်ပစိဖိတ်အိုးပင်းတင်းနစ်ချန်ပီယံဆုကို ဂျပန်တင်းနစ်မယ် အိုဆာကာ ရယူ

ဂျပန်နိုင်ငံအိုဆာကာမြို့မှာကျင်းပပြီးစီးခဲ့တဲ့ ပင်ပစိဖိတ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကိုဂျပန် တင်းနစ်မယ် အိုဆာကာ ပထမဆုံးအကြိမ်ရရှိခဲ့ပါတယ်။ (၂၀၁၆)နဲ့(၂၀၁၈) ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့အိုဆာကာဟာ အခုနှစ်ဗိုလ်လုပွဲမှာ ရုရှားတင်းနစ်မယ် ပက်ဗလူချန်ကိုဗာနဲ့ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ အိုဆာကာဟာ သူ့ရဲ့အကောင်း ဆုံးလက်စွမ်းကိုပြသနိုင်ခဲ့ပြီး မိနစ်(၇၀)သာကစားခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ အိုဆာကာက(၆း၂၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဂျပန်ပရိသတ်တွေရှေ့မှာအောင်ပွဲ ခံသွားခဲ့ပါတယ်။(၂၀၁၉)နှစ်စပိုင်းမှာဩစတြေးလျအိုးပင်းချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက်ပိုင်း အခုပြိုင်ပွဲမှာ အိုဆာကာအနေနဲ့ချန်ပီယံဆု ကိုပြန်လည်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

one news