ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေး ဟောပြောပွဲကျင်းပ

 

ကျောက်ဆည် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှုးကျင်းပသည့် မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ မူးယစ်ရေးဝါးသုံးစွဲမှု ပပျောက်ရေးပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဘဏ္ဍရေး မှူး ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးအောင်မြင့်သန်း၊ ဆရာဦးဝင်းမြင့် (တရားလွတ်တော် ရှေ့နေ) ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွန်ညားရေးမှူး (ငြိမ်း)၊ ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် မြို့နယ်ကော်မတီဝင်များ ၊ရပ်ကျေး (၉၆) အုပ်စုမှ ဥက္ကဌများနှင့် ကော်မတီဝင်များ၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာတို့မှ အမျိုးသား၊အမျိုးသမီးများ အင်အား (၂၀၀) ကျော် တက်ရောက် ခဲ့ကြပါသည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကာ ဖွင့်လှစ်ပြီး ၊မန္တလေးတိုင်း ကော်မတီဝင် ဘဏ္ဍရေးမှူး ဦးသန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ဆရာဦးဝင်းမြင့် (တရားလွတ်ရှေ့နေ) ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွန်ကြားရေးမှူး (ငြိမ်း) မှ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး အသိပညာပေး ဟောပြော ပါသည်။ ထိုနောက် ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ ပါတီအောင်နိုင်ရေး လုပ်ငန်းစဉ်များအား အကျယ်တဝင့် ပြောကြားကာ အစည်းအဝေးကို နံနက် (၁၁) အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။သီဟထွန်း ( နဝရတ်မြေ )