ကင်ဂျုံအန် ကြီးကြပ်၍ မြောက်ကိုရီးယားက ကြီးမာသော ဒုံးကျည်လွှတ်စက်စမ်းသပ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် စနေနေ့ က ကြီးမားသော ဒုံးကျည်လွှတ်စက် စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြသည်။

နျူကလီးယားဖြုတ်သိမ်းရေး ဆွေးနွေးမှုများ ရပ်တန့်နေစဉ် မကြာမီ သီတင်းပတ်များအတွင်း စမ်းသပ်ပစ်လွှတ်မှုများစွာအနက်  နောက်ဆုံးအဖြစ် မြောက်ကိုရီးယား က တာတိုပစ်ပဲ့ထိန်းဒုံးကျည် ဟု ယူဆရသော ဒုံးကျည်နှစ်စင်းကို အရှေ့ဘက်ကမ်းလွန် ပင်လယ် အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောသည်။

ကင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကြား ဖေဖော်ဝါရီ ထိပ်သီးဆွေးနွေးပွဲတွင် နျူကလီး ယားဖြုတ်သိမ်းရေး ဆွေးနွေးမှု များ ရပ်ဆိုင်းပြီးနောက် မြောက် ကိုရီးယားက မိတ်ဆက်ခဲ့သော စတုတ္ထမြောက် ဒုံးကျည်စနစ်သစ် ဖြစ်ပုံရကြောင်း လေ့လာသူများ က ပြောသည်။ ရန်လိုသော အင်အားစုများ၏ ပိုမိုကြီးထွားလာသော စစ်ရေး ခြိမ်းခြောက်မှုများနှင့် ထိုးစစ်ဆင်ရန် ဖိအားကို တားဆီးရေး မြောက်ကိုရီးယားက မဟာဗျူဟာမြောက် လက်နက်အသစ်များ တီထွင်မှု အရှိန်မြှင့်တင်ရမည်ဟု ကင်ဂျုံ အန်က ပြောကြားကြောင်း KCNAသတင်းက ဖော်ပြသည်။

ယင်းဒုံးကျည်များကို တီထွင်ခဲ့သော မြောက်ကိုရီးယား၏ လူငယ် ကာကွယ်ရေးသိပ္ပံပညာရှင် များသည် အဖိုးတန်ရတနာများဖြစ်ပြီး နိုင်ငံ၏ ကြွယ်ဝမှုဖြစ်သည်ဟု ကင်ဂျုံအန်က ပြောသည်။ တားဆီးပိတ်ဆို့မှုများ ဖြေလျှော့စေရေး နိုင်ငံ၏ မဟာဗျူဟာလုံခြုံရေးနှင့် လုံးဝအလဲအလှယ်လုပ် မည်မဟုတ်ဟု KCNA သတင်းက ဖော်ပြသည်။

—Ref: Reuters