ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ဥက္ကဋ္ဌ ပြည်နယ်အတွင်းရှိ ခရိုင် မြို့နယ်ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ

 

လွိုင်ကော် သြဂုတ် ၂ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း သည် လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်နှင့် မြို့နယ်ခုနစ်မြို့နယ်ရှိ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပါတီ ကော်မတီဝင်များနှင့် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင် သိန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပါတီဝင်များက တက်ရောက်လာကြသော တာဝန်ခံအသီးသီးက လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားခဲ့ပြီး လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်နှင့် မြို့နယ်ခုနစ်မြို့နယ်မှ တက်ရောက်လာကြသော ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အသီးသီးတို့က ပါတီလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေး သည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက ခရိုင်၊ မြို့နယ်အသီးသီးမှ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယနေ့အခမ်းအနားသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီ နာယက ဒေါ်စုလေးဖြူ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ပါတီ ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ တက်ရောက်ပြီး မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အောင်မြင်စွာ ပြီးစီးကြောင်း သိရသည်။မမောင်(ချိကယ်သူ)