ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

သြဂုတ် ၂၀

ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစုများ နိဗ္ဗာန်ရည်မှန်းပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး+ဒေါ်ခင်မျိုးဌေး မိသားစုနှင့် ကံမမြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာများမှ ပါတီဥက္ကဋ္ဌများနှင့် ရပ်ကျေး စည်းမှူးများ၊ ပါတီဝင်မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ကံမမြို့ယွန်းကျောင်း ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့က မေတ္တသုတ် ပရိတ်တရား တော်များ ရွတ်ပွားသဇ္ဈာယ် ချီးမြှင့်တော် မူကြသည်။

ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှအတန်း ပေးဝေကြသည်။
ယင်းနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များကို အာရုံဆွမ်းဆက်ကပ် လှူဒါန်းပြီး ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ပါတီဝင်မိသားစုများကို နံနက်စာဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပေးခဲ့သည်။