မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သာပေါင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေပေးအပ် လှူဒါန်း

 

သာပေါင်း သြဂုတ် ၁၉

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သာပေါင်းမြို့ နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် အလှူငွေများကို သာပေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကိုကိုဇင်၊ အတွင်းရေးမှူး ဦးစိုးမြင့်၊ ဘဏ္ဍာရေးမှူး ဦးဝင်းသန်းတို့က အလှူငွေနှင့် ပစ္စည်းများ သွားရောက်ထောက်ပံ့ လှူဒါန်းမည့် သာပေါင်းမြို့နယ်၏ ဦးဆောင် ဆရာတော်များထံသို့ ယမန်နေ့ ညနေ ၄ နာရီတွင် သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း