ဟောင်ကောင် ဆန္ဒပြပွဲ လူတစ်သန်းကျော် လမ်းပေါ်ထွက်လာ

ဟောင်ကောင်သားတွေဟာ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေမှာ လူတစ်သန်းကျော် ပြန်လည် ပါဝင်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးဘက်က ခြိမ်းခြောက်မှုတွေ လုပ်ဆောင် လာပြီးတဲ့နောက် မိုးထဲရေထဲမှာတောင် ဆန္ဒပြသူတွေ အင်အား တိုးလာခဲ့တာပါ။ ဆန္ဒပြပွဲ စီစဉ်သူတွေက ဆန္ဒပြသူ ၁ ဒသမ ၇ သန်းကျော် ရှိတယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့က တော့ ဆန္ဒပြပွဲ စတင်တဲ့နေရာမှာ လူ ၁၂၈၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အသက် ၄၃ နှစ်အရွယ် လူးဝစ်ဆိုသူက “နောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လုပ်နိုင်တာက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပြီး ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို အစိုးရက သိအောင်လုပ်ဖို့ပါ”လို့ ဆိုပါတယ်။ လေဆိပ်မှာ အကျည်းတန်တဲ့ အဓိကရုဏ်းမြင်ကွင်းတွေ တွေ့ခဲ့ရပြီးတဲ့နောက် ဟောင်ကောင်ပြည်သူတွေဟာ စည်းလုံး ညီညွတ်မှုကို ပြန်လည်ပြသခဲ့ကြတာပါ။ ဒီ ဆန္ဒပြပွဲကို အရပ်ဖက် လူ့အခွင့်အရေး တပ်ဦးဆိုတဲ့အဖွဲ့က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ CNN