ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစုများ နိဗ္ဗာန်ရည်မှန်းပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ နံနက် ၁ဝ နာရီက ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစော မော်ထွန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပဲခူးခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာများမှ ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ ပါတီဝင်မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ပဲခူးမြို့ ချမ်းမြေ့ဇေယျာ သာမဏေကျော် တက္ကသိုလ်ကျာင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက် တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့က မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားသဇ္ဈာယ် ချီးမြှင့်တော် မူကြသည်။

ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှအတန်း ပေးဝေကြသည်။ ယင်းနောက် ဆရာတော်သံဃာတော် အရှင်သူမြတ် များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပါတီဝင်မိသားစုများကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)