ဗြိတိန်အိုးပင်း အမျိုးသမီးဂေါ့ဖ်ပြိုင်ပွဲ ချန်ပီယံဆုကို ဂျပန်နိုင်ငံသူ ရှီဘူနို ရယူ

အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ်ရှိုင်းယားမြို့က ဝူဘန်းဂေါ့ဖ်ကလပ်မှာ ကျင်းပခဲ့တဲ့ ဗြိတိန်အိုးပင်း အမျိုးသမီး ဂေါ့ဖ်ပြိုင်ပွဲမှာ အသက်(၂၀)သာရှိသေးတဲ့ ဂျပန်ဂေါ့ဖ် အားကစားမယ် ဟီနာကိုရှီဘူနိုက ချန်ပီယံဆု ရခဲ့ပါတယ်။ နောက်ဆုံးနေ့ပွဲစဉ် မှာ (၆၈)ချက်ရိုက်နိုင်ခဲ့တဲ့ ရှီဘူနိုက စုစုပေါင်းရိုက်ချက် (၂၇၀)နဲ့ သတ်မှတ်ရိုက်ချက်အောက် (၁၈)ချက် လျော့ရိုက်ပြီး ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှီဘူနိုအနေနဲ့ ဒုတိယနေရာက အမေရိကန်တင်းနစ်မယ် ဆာလက်စ်နဲ့ ရိုက်ချက် (၁)ချက်သာ လျော့ရိုက်နိုင်ခဲ့တာဖြစ်လို့ အကြိတ်အနယ် ကစားပြီးမှ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် (၁) တောင်ကိုရီးယားသူ ကိုဂျင်ယောင်းကတော့ တတိယ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံ ပြင်ပမှာကစားတဲ့ ပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ချန်ပီယံဆုကို ရှီဘူနို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရှီဘူနိုဟာ ချန်ပီယံဆုဖလားနဲ့အတူ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ (၆၇၅၀၀၀)ကိုလည်း ရရှိခဲ့ပါတယ်။  Skysports