ကက်ရှ်မီးယားကို အထူးအုပ်ချုပ်ခွင့်ရဒေသ ပေးထားမှုအား အိန္ဒိယ အစိုးရ ရုပ်သိမ်း

အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသရဲ့ အထူးအုပ်ချုပ်ခွင့် အဆင့်အတန်းကို သြဂုတ် ၅ ရက်မှာ ရုပ်သိမ်းလိုက်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ မွတ်စလင်အများစုနေထိုင်ရာ ဒေသကို ကျန်ဒေသတွေနဲ့ တစုတစည်းတည်းရှိစေဖို့ ရည်ရွယ်တယ်လို့ ပြည်ထဲရေးဝန်ကြီး အာမစ်ရှားက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

နောက်ပြီး ဒါဟာ ဆယ်စုနှစ် ၇ ခုနီးပါးအကြာ ပြဿနာတွေ ရှိခဲ့တဲ့ဒေသမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတခု ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ပြည်နယ်ပြင်ပကလူတွေ အိမ်ရာဝယ်ယူခွင့် တားမြစ်ထားတာကို ပယ်ဖျက်လိုက် တာလည်း ဖြစ်ပါတယ်။ ဒီလိုအစီအစဉ်ဟာ အရင်က ကက်ရှ်မီးယားဒေသမှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အကြောင်းကတော့ ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း ပြောထားလို့ ဖြစ်ပါတယ်။ ကက်ရှ်မီးယားဒေသ နိုင်ငံရေး ခေါင်းဆောင်တွေကတော့ အခုလို ပြည်နယ် အထူးအုပ်ချုပ်ခွင့် အဆင့်အတန်း ရုပ်သိမ်းလိုက်တဲ့အတွက် မငြိမ်သက်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒီကြေညာချက် မထုတ်ပြန်မီ နာရီပိုင်းအလိုက ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်မှာ တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီး ပြည်နယ်ခေါင်းဆောင်တွေ နေအိမ်အကျယ်ချုပ် ချခံရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ -Ref: AFP