ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

ပုသိမ် ဇူလိုင် ၁၅

ဧရာဝတီတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမတွင် သတင်းစာ ရှင်းလင်းပွဲတစ်​ရပ်​ ပြုလုပ်​ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်​ တိုင်း​ဒေသကြီး ပါတီအ​နေနှင့် သတင်းထုတ်​ပြန်​ချက်​ ၂ ခု၊ သ​ဘောထားထုတ်​ပြန်​ချက်​ ၂ ခုအား ထုတ်​ပြန်​ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်များမှာ

၁။ ပြည်​​ထောင်​စုလွှတ်​​တော်​၌​ ဆောင်​ရွက်​လျှက်​ရှိသည့်​ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပြင်​ဆင်​​ရေးနှင့်​ ပတ်​သက်​၍ ဖွဲ့စည်းပုံအ​ခြေခံ ဥပ​ဒေပါ ပြင်​ဆင်​​ရေး နည်းလမ်းများအတိုင်း​ ဆောင်​ရွက်​ခြင်းအား လက်​ခံပါ​ကြောင်းနှင့်​ ဥပ​ဒေနှင့် မညီ​သောအခြားနည်းလမ်းများဖြင့်​​ ဆောင်​ရွက်​ပါက ကန့်​ကွက်​ပါ​ကြောင်းသ​ဘောထား ထုတ်​ပြန်​ခဲ့သည်။

၂။ တိုင်း​ဒေသကြီးအစိုးရ၌ အသစ်​ထပ်​မံ ဖွဲ့စည်းလိုက်​​သော လူဝင်​မှုကြီးကြပ်​​ရေးနှင့်​ လူ့စွမ်းအင်​ဖွံ့ဖြိုးတိုးတက်​​ရေး ၀န်​ကြီးဌာနနှင့်​ ပတ်​သက်​၍ ရည်​ရွယ်​ချက်​၊ လုပ်​ငန်းသဘာဝများမည်​သို့​ ဆောင်​ရွက်​မည်​၊ မည်​သည့်​ဝန်​ထမ်းဌာန များ ပါဝင်​ဖွဲ့စည်းမည်​၊ မည်​သို့ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံးစွဲမည်​ကို ပွင့်​လင်းမြင်​သာစွာ ချပြရှင်းလင်းသင့်​ပါ​ကြောင်း သဘောထား ထုတ်​ပြန်​ခဲ့သည်။

၃။ ပြည်​​ထောင်​စုလွှတ်​​တော်​၌ အတည်​ပြုခဲ့​သော က​လေးသူငယ်​ အခွင့်​အ​ရေးများဆိုင်​ရာ ပုဒ်​မအချို့သည်​ အမျိုးသား လုံခြုံ​ရေးကို ထိပါးလာနိုင်​သည့်​အပြင်​ အမျိုးသား​ရေး စရိုက်​လက္ခာများနှင့်​ ဆန့်​ကျင်​​နေပါသဖြင့်​ ပြင်ဆင်​​ပေးရန်​ သတင်းထုတ်​ပြန်​​ တောင်းဆိုခဲ့သည်။

၎။ လတ်​တ​လောရင်​ဆိုင်​​နေရ​သော အလုပ်​အကိုင်​ရှားပါးမှု၊ ကုန်​​ဈေးနှုန်းကြီးမြင့်​မှု ၊အခွန်​နှင့်​မီတာခများတိုးမြှင့်​​ကောက်​ခံမှုများ​ကြောင့်​ ပြည်​သူလူထု၏ လူ​နေမှုစရိတ်​များမြင့်​တက်​ပြီး ၀န်​ထုပ်​၀န်​ပိုးဖြစ်​လာမှုအ​ပေါ် အစိုးရနှင့် state holders များက စု​ပေါင်းအ​ဖြေရှာ​ ဖြေ​လျော့​ပေးရန်​ တိုက်​တွန်း​ကြောင်း သတင်းထုတ်​ပြန်​ ခဲ့သည်။