ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ပုသိမ် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီး ပါတီအနေနှင့် သတင်းထုတ်ပြန်ချက် ၂ ခု၊ သဘောထားထုတ်ပြန်ချက် ၂ ခုအား ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်များမှာ
၁။ ပြည်ထောင်စုလွှတ်တော်၌ ဆောင်ရွက်လျှက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြင်ဆင်ရေး နည်းလမ်းများအတိုင်း ဆောင်ရွက်ခြင်းအား လက်ခံပါကြောင်းနှင့် ဥပဒေနှင့် မညီသောအခြားနည်းလမ်းများဖြင့် ဆောင်ရွက်ပါက ကန့်ကွက်ပါကြောင်းသဘောထား ထုတ်ပြန်ခဲ့သည်။
၂။ တိုင်းဒေသကြီးအစိုးရ၌ အသစ်ထပ်မံ ဖွဲ့စည်းလိုက်သော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနနှင့် ပတ်သက်၍ ရည်ရွယ်ချက်၊ လုပ်ငန်းသဘာဝများမည်သို့ ဆောင်ရွက်မည်၊ မည်သည့်ဝန်ထမ်းဌာန များ ပါဝင်ဖွဲ့စည်းမည်၊ မည်သို့ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမည်ကို ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းသင့်ပါကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။
၃။ ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ပုဒ်မအချို့သည် အမျိုးသား လုံခြုံရေးကို ထိပါးလာနိုင်သည့်အပြင် အမျိုးသားရေး စရိုက်လက္ခာများနှင့် ဆန့်ကျင်နေပါသဖြင့် ပြင်ဆင်ပေးရန် သတင်းထုတ်ပြန် တောင်းဆိုခဲ့သည်။
၎။ လတ်တလောရင်ဆိုင်နေရသော အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ၊အခွန်နှင့်မီတာခများတိုးမြှင့်ကောက်ခံမှုများကြောင့် ပြည်သူလူထု၏ လူနေမှုစရိတ်များမြင့်တက်ပြီး ၀န်ထုပ်ဝန်ပိုးဖြစ်လာမှုအပေါ် အစိုးရနှင့် state holders များက စုပေါင်းအဖြေရှာ ဖြေလျော့ပေးရန် တိုက်တွန်းကြောင်း သတင်းထုတ်ပြန် ခဲ့သည်။