ဖြိုးစေတနာအခမဲ့ နယ်လှည့်ဆေးကုသအဖွဲ့ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်

 

ရန်ကုန် ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ စီမံမှုဖြင့် ဖြိုးစေတနာ အခမဲ့နယ်လှည့် ဆေးကုသအဖွဲ့သည် သွားလာ ခက်ခဲသည့် ကျေးရွာများသို့ ကွင်းဆင်းကုသပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် စံပြတံတားချောင်း ကျေးရွာရှိ စံပြသီရိဇေယျာရုံ ဘုန်းတော်ကြီးကျောင်းတိုက် အတွင်း၌ ယမန်နေ့ နံနက်ပိုင်းက ဒေါက်တာ ရီရီဝင်း ဦးဆောင်သော ဆေးကုသအဖွဲ့မှ ဒေသခံများအား အခမဲ့ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ ဆေးကုသဆောင်ရွက်မှုကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဦးရန်နိုင်ရွှေ ဦးဆောင်သော ခရိုင်ပါတီ ကော်မတီအဖွဲ့များ၊ ဒလမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ပါတီ ကော်မတီဝင်များ၊ ကျေးရွာရှိ ရပ်မိရပ်ဖများက ကူညီဆောင် ရွက်ပေးခဲ့ကြပြီး ကျေးရွာအတွင်းနှင့်အနီး ဝန်းကျင် ကျေးရွာများရှိ လူနာ မ ၈ဝ၊ ကျား ၇ဝ စုစုပေါင်း ၁၅ဝ တို့အား ကုသပေးခဲ့ ကြောင်း သိရသည်။

သူရအောင်