မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စဘေအုပ်စုအနောက် စဘေဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပသည့် ယဉ်ကျေးလိမ္မာ ဓမ္မစကူးသင်တန်းဖွင့်ပွဲသို့ အလှူတော်ငွေများ လှူဒါန်း

 

ပခုက္ကူ ၊ ဇူလိုင် ၈

ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် စဘေအုပ်စုအနောက်စဘေ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ယဉ်ကျေးလိမ္မာ ဓမ္မစကူးသင်တန်းဖွင့်ပွဲအတွက် ပြည်ခိုင်ဖြိုးခရိုင် ပါတီဥက္ကဌ ဦးသိန်းထွန်း၊ ခရိုင်ပါတီကော်မတီဝင် ဦးစိန်မြင့်၊ မြို့နယ်ကော်မတီဝင် ဦးစန်းမြင့် (ဘဏ္ဍာရေးမှူး)၊ အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ကြည်သိန်းဦး၊ မြို့နယ်ကော်မတီဝင် များသည် စဘေအုပ်စုအနောက် စဘေဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ယဉ်ကျေးလိမ္မာ ဓမ္မစကူး သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး အလယ်တန်းအဆင့် ပထမဆုကို ခရိုင်ဥက္ကဌ ဦးသိန်းထွန်း၊ ဒုတိယဆုကို ခရိုင်ကော်မတီဝင် ဦးစိန်မြင့်၊ တတိယဆုအား ဆာကျင်ကျေးရွာ ဥက္ကဌတို့မှ အသီးသီးချီးမြှင့် ခဲ့ပါသည်။

ဆက်လက်ပြီး မူလတန်းအဆင့် ပထမဆု ကျပ် (၁၀၀၀၀) အား မြို့နယ်ကော်မတီဝင် ဦးစန်းမြင့် (ဘဏ္ဍာရေးမှူး) မှ ၄င်း၊ ဒုတိယဆု (၇၅၀၀၀) ကိုမြို့နယ်ကော်မတီဝင် ဒေါ်ကြည်သိန်းဦး (မြို့နယ်အမျိုးသမီးရေးရာဥက္ကဌ) မှ ၄င်း၊ တတိယဆု (၅၀၀၀)ကို စဘေကျေးရွာ အုပ်စုဥက္ကဌမှ၎င်း အသီးသီးချီးမြှင့် ခဲ့ပါသည်။

ထို့နောက် စဘေအုပ်စုဆာကျင်ကျေးရွာသို့ သွားရောက်၍ ဓမ္မစကူးသင်တန်းအား အားပေးချီးမြှင့်ခဲ့ပြီး အလှူငွေ ခရိုင်ပါတီနှင့် မြို့နယ်ပါတီမှ (၅၀၀၀၀)တိတိကို ပေးအပ်လှူဒါန်း ခဲ့ပါသည်။

၎င်းနောက် ဆာကျင်ကျေးရွာတွင် ရေနွေးကြမ်းစကားဝိုင်းဖြင့် ကျေးရွာပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေး အခြေအနေများကို အမြင်ခြင်းဖလှယ် ခဲ့ကြသည်။

လွမ်းဝေ ၊pakokku