ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် ရေနွေးကြမ်းစကားဝိုင်း တက်ရောက်ဆွေးနွေး

 

ဟင်္သာတ ဇူလိုင် ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းတွင်ပါတီဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့်က ယနေ့ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး အခြေအနေများ၊ တောင်သူလယ်သမားများ တွေ့ကြုံနေရသည့် အခြေအနေများ၊ ပါတီ၏ သဘောထား ရပ်တည်မှု များကို ရင်းနှီးစွာ ရှင်းလင်းဆွေးနွေး ခဲ့သည်။

ခရိုင်ပါတီဥက္ကဋ္ဌက ပုသိမ်မြို့တွင် ပြုလုပ်မည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ်ချပွဲသို့ သွားရောက်မည့်ခရီးစဉ် တင်ပြပြီး မြို့နယ်ပါတီဥက္ကဋ္ဌက ခရီးစဉ်အတွက် စီစဉ်ထားမှု အခြေ အနေများ ဖြည့်စွက် တင်ပြဆွေးနွေးသည်။

ပါတီဗဟိုအလုပ်အမှုဆောင်မှ ပါတီရှေ့ဆက်ဆောင်ရွက်မည့် စည်းရုံးရေး လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး ရေနွေးကြမ်းစကားဝိုင်းကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။