နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

နတ်မောက် ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ ပါတီအတွင်းရေးမှူး ဒေါ်အေးမာ ကြူနှင့် ပါတီရုံးဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့နယ် တောင်ဘက် ကြီးကျေးရွာအုပ်စု ဆုံကုန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဒေသခံပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ စိတ်ဝင်စား သူ ဒေသခံပြည်သူများနှင့် ရေနွေးကြမ်း စကားဝိုင်း ဆွေးနွေးခဲ့ရာတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်လတ်မိုးက ယနေ့ဖြစ်တည် နေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးရာ များ ဆွေးနွေးခဲ့ပြီး ဒေါ်အေးမာကြူက ဆက်လက်ပြီး နိုင်ငံရေးပါတီ ၂၆ ပါတီမှ နိုင်ငံတော်သမ္မတ ပေးပို့သော အိတ်ဖွင့် ပေးစာကို အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပါတီအောင်နိုင်ရေး၊ ပါတီဝင်များနှင့် ဒေသခံတို့အား နိုင်ငံရေး အမြင်၊ စီးပွားရေးအမြင်ရှိကြရန် အပြန် အလှန် ဆွေးနွေးကြကာ ယနေ့နံနက် ၈ နာရီ၌ ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ရေနွေးကြမ်းစကားဝိုင်း အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။ ထွန်းမှီ(နတ်မောက်)