ပြည်နယ်ပါတီဥက္ကဋ္ဌ ကျိုက်ထို မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံ

 

ကျိုက်ထို၊ ဇွန် ၃၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေးကို ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက်​ ၁၀ နာရီက မြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​ခဲ့သည်။ အစည်းအဝေးသို့ ဗဟို အလုပ်​အမှု​ဆောင်​ ပြည်​နယ်​ပါတီဥက္ကဋ္ဌ ဦး​အောင်​ကြည်​သိန်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူ ဦးဝင်းမော်ဦး၊ ပြည်​နယ်​​ပါတီကော်​မတီဝင်​များ သထုံခရိုင် ပါတီဥက္ကဌနှင့်​ ခရိုင်​​ပါတီကော်​မတီဝင်​များ တက်​​ရောက်​ချီးမြှင့်​ ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်​နယ်​ပါတီဥက္ကဋ္ဌနှင့်​ ပြည်​နယ်​ပါတီအတွင်း​ရေးမှူးတို့မှ ပါတီ၏​ရှေ့လုပ်ငန်းစဉ်​များနှင့်​ ပါတီ​ရေးရာကိစ္စများကို လမ်းညွှန်​​ဆွေး​နွေးခဲ့ကြပြီး ပြည်​နယ်​ပါတီဥက္ကဋ္ဌနှင့်​ မြို့နယ်​ပါတီ ဥက္ကဋ္ဌတို့မှ ရပ်​ကွက်​/ ​ကျေးရွာ ပါတီ​ကော်​မတီများ၏ တင်​ပြချက်​များအ​ပေါ် ပြန်​လည်​ရှင်းလင်း​ ​ဆွေး​နွေးခဲ့ကြသည်​။

ပြည်ခိုင်ဖြိုး ပါတီ ကျိုက်ထိုမြို့နယ်