ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင် အတွင်းရှိ ဒေသခံ တိုင်းရင်းသာများနှင့် တွေ့ဆုံ

 

လောက်ကိုင်၊ ဇွန် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ​လောက်​ကိုင်​မြို့ရှိ ​ကိုးကန့်​ယဉ်​​ကျေးမှု ခန်းမတွင်​ လောက်ကိုင်ခရိုင် အတွင်းရှိ ဒေသခံတိုင်းရင်းသားများ တွေ့ဆုံခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​သီချင်း သီဆို၍ နိုင်​ငံ​တော်​အလံအား အ​လေးပြုဖွင့်​လှစ်​ပြီး​နောက်​ ​လောက်​ကိုင်​ခရိုင်
ပြည်​ခိုင်​ဖြိုးပါတီ ခရိုင်​ပါတီဥက္ကဋ္ဌမှ နယ်​​မြေ​ဒေသအလိုက် လုပ်​ငန်းများ​ ဆောင်​ရွက်​ထားရှိမှု အ​ခြေအ​နေများကို ​ဆွေး​နွေး တင်​ပြသည်​။ ဆက်​လက်​၍ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးမှ ​လောက်​ကိုင်​ခရိုင်​ အတွင်းရှိ စစ်​​ဘေး​ရှောင်​ပြည်​သူများ ဆန်​အိတ်​များ ​ထောက်​ပံ့​ပေးအပ် ​ခဲ့ပြီး​နောက်​ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ပြည်​ခိုင်​ဖြိုးပါတီ နယ်မြေ တာဝန်​ခံ ဦး​အောင်​သန်းထွဋ်​မှ လည်းစစ်​​ဘေး​ရှောင်​ ပြည်​သူများအား အလှူ​ငွေများ ကူညီ​ထောက်​ပံ့ ခဲ့သည်​။

ထို့​နောက်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးမှ အခမ်းအနားသို့ တက်​​ရောက်​လာ​သော ကိုးကန့်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ လောက်​ကိုင်​ခရိုင်​ အတွင်းရှိ ပါတီဝင်များနှင့်​​ ဒေသခံတိုင်းရင်းသားများအား ရင်းနှီးပျူငှာစွာဖြင့် နှုတ်​ခွန်း ဆက်​စကား ​ပြောကြားခဲ့သည်​။ အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေ အတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်များ ဖြစ်​ကြ​သော ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ ရှမ်းပြည်​နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်း ဝင်း၊ ပါတီဗဟိုအတိုင်​ပင်​ခံ၊ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း နယ်​​မြေတာဝန်​ခံ ဦးအောင်​သန်းထွဋ်​၊ ရှမ်းပြည်​နယ်​ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦး​အောင်​သူ၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ပြည်​နယ်​ပါတီ​ ကော်​မတီဝင်​များ၊ ကိုးကန့်​ကို​ယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ ဒေသမှ တိုင်းရင်းသား​ခေါင်း​ဆောင်​များ၊ ခရိုင်​နှင့် မြို့နယ်​ပါတီများမှ ပါတီဥက္ကဋ္ဌများ၊ အတွင်း​ရေးမှူးများနှင့်​ ကော်​မတီဝင်​များ၊ လောက်​ကိုင်​၊ ကုန်းကြမ်း၊​ မော်​ထိုက်​၊ ချင်း​ရွှေ​ဟော်​စသည့်​ မြို့နယ်​များမှ ပါတီတာဝန်​ရှိသူများ၊ ပါတီဝင်​များနှင့်​​ ဒေသခံတိုင်းရင်းသားများ တက်​​ရောက်​ ခဲ့ကြသည်​။