ဗီရာနှင့် လိုက်ဟဲဗီးဝိတ် ကာကွယ်ပွဲ ထိုးသတ်ရန် ဝိတ်တန်းပြည့်မီပြီဟု အောင်လအန်ဆန်ဆို
အမေရိကန်-ဖိလစ် ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနှင့် MMA လိုက်ဟဲဗီးဝိတ်တန်းကာ ကွယ်ပွဲ ထိုးသတ်ရန် ဘော်ဒီဝိတ်တင်ခြင်း လုပ်ဆောင်ရာ လက်ရှိတွင် ဝိတ်တန်းပြည့်မီပြီဖြစ်ကြောင်း အောင်လအန်ဆန်က လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ အောင်လအန်ဆန်သည် မူလက ဝိတ် ၂၀၅ ပေါင်မှ လိုက်ဟဲဗီးဝိတ်တန်း ဖြစ်သည့် ၂၂၅ ပေါင်သို့ သုံးလအတွင်း ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
‘‘ဗီရာကကျွန်တော့်ကို စိန်ခေါ်တာ ခုဆိုရင် သုံးလတိတိပြည့်ပါပြီ။ အဲဒီစိန်ခေါ်တဲ့ ညက ကျွန်တော်ဟာ ၂၀၅ ပေါင် ရှိရာက စိန်ခေါ်ချိန် နောက်ပိုင်းကတည်းက ဂျပန်မှာ ရှိမယ့်ပွဲအတွက် တဖြည်းဖြည်း ဝိတ်တက်အောင် လေ့ကျင့်နေခဲ့ပါတယ်။ ဒီနေ့ည ညစာစားအပြီးမှာတော့ ကျွန်တော်ဟာ ၂၂၅ ပေါင်နဲ့ လိုက်ဟဲဗီးဝိတ်ပွဲအတွက် လိုအပ်တဲ့အလေးချိန် အတိအကျဖြစ်နေပါပြီ။ ထိုးသတ်ဖို့အဆင်သင့်ဖြစ်နေတဲ့ အနေအထားတော့ မဟုတ်သေး ပေမယ့် အောက်တိုဘာလမှာတော့ မြန်မာ့စပါးအုံးရဲ့ အကောင်းဆုံး အနေအထားဖြစ်နေဖို့ ကြိုးစား လေ့ကျင့် နေပါတယ်။ ချစ်သောပရိသတ်များရဲ့ ချစ်ခြင်းတွေနဲ့အတူ ဒီခရီးကိုဖြတ်သန်းခွင့်ရတဲ့ ကျွန်တော်ဟာ အမြဲ ကျေးဇူးတင်လျက် ဆက်ကြိုးစားနေပါမယ်လို့ ကတိပေးပါတယ်’’ ဟု အောင်လက ရေးသားခဲ့သည်။ အောင်လ အန်ဆန်သည် One Championship MMA မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီး ဝိတ်တန်းနှစ်ခု၏ ချန်ပီယံဖြစ်ပြီး ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်က ဗီရာကအောင်လကို လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်လုပွဲ ထိုးသတ်ရန် စိန်ခေါ်ခဲ့သည်။ အောင်လအန်ဆန်နှင့် ဗီရာ တို့၏ MMA လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို လာမည့် အောက်တိုဘာအတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်သည်။ အသက် (၃၃) နှစ်အရွယ် အောင်လ အန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၅ ပွဲယှဉ်ပြိုင်ရာတွင် ၂၅ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။7days