ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဖျာပုံခရိုင်ရှိ မြို့ယ်ပါတီဥက္ကဋ္ဌများ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဖျာပုံ ဇွန် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့ နံနက် ၁ဝ နာရီက ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ်များမှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က” ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီကော်မတီဝင်များက အထူးပင်ကြိုးစားအား ထုတ်စည်းရုံးကြဖို့ လိုအပ် ကြောင်း၊ အားလုံးတက်ညီ လက်ညီနဲ့ ကြိုးစားသွားကြဖို့ အရေးကြီးလှပါကြောင်း၊ ပါတီအတွင်းစည်းလုံး ညီညွတ်ဖို့ အထူးပင်အရေးကြီး လှပါကြောင်း၊ ပြည်သူနဲ့တကယ် ထိတွေ့ပြီး အမှန်တကယ် စည်းရုံးသွားကြဖို့ လိုအပ် ပါကြောင်း၊ ပြည်သူက အမှန်တကယ် ချစ်ခင်မြတ်နိုးပြီး ပြည်သူလက်ခံတဲ့ စည်းရုံးရေး သမားကောင်းတွေ၊ ပါတီဝင် ကောင်းတွေ ဖြစ်လာဖို့ ဆက်ဆံရေးကအစ ကောင်းမွန်စွာ ဆက်ဆံစည်းရုံး သွားကြဖို့ လိုအပ်ပါကြောင်း ပါတီ ကော်မတီဝင်များအား လမ်းညွှန်မှာကြား ခဲ့သည်။ တွေ့ဆုံပွဲသို့ ဖျာပုံခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစန်းမောင် နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။ကျော်စိုးမိုး(ဖျာပုံ)