မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးခရိုင် မြို့နယ်ပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

မန္တလေး ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ခံ များက မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြောကြား ခဲ့သည်။

ဆက်လက်၍ ခရိုင်နှင့်မြို့နယ် အသီးသီးမှ ပါတီတာဝန်ရှိသူများက နယ်မြေဒေသအလိုက် ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးပါတီမှ တာဝန်ရှိ သူများက တင်ပြလာမှုများ အပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ အပါအဝင် စုစုပေါင်း အင်အား ၈ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)