ပြည်နယ်ပါတီ အတွင်းရေးမှူးမှ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ကျောက်ဖြူ၊ ဇွန်(၂၃)

ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ (၂၃-၆-၂၀၁၉) နေ့ နေ့လည် (၂း၀၀) အချိန်တွင် ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ဦးသိန်းနု (ပြည်နယ် ကော်မတီဝင်)၊ ဦးမြလင်း (ခရိုင်ဥက္ကဌ)၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ဘဏ္ဍရေးမှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းဝင်းနှင့်၊ မြို့နယ်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)မှ ပါတီ၏ ရှေ့ဆက်လုပ်ဆောင်ရန် မူဝါဒများ နှင့် ဗဟိုမှချမှတ်ချက်များကို တိကျစွာ လုပ်ဆောင်ရန်နှင့် ပါတီဝင်ကြေး ပုံမှန်ပေးဆောင်ရန်တို့ ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်ကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ဥက္ကဌ ဦးမြလင်းတို့မှ ပါတီ၏ မူဝါဒများနှင့် ပါတီ၏ ရှေ့ဆက်လုပ်ဆောင်ရန်တို့ကို အကျယ်တ၀င့် ပြောကြားခဲ့ကာ မြို့နယ်ဥက္ကဌ ဦးသောင်းဝင်းမှ ပါတီ၏နယ်မြေ ကွင်းဆင်းဆောင်ရွက် ထားရှိမှုများနှင့် ရှေဆက်လုပ်ဆောင်ရန်တို့ကို ပြောကြား ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များမှ မိမိတို့ တာဝန်ယူ ထားသော နယ်မြေတို့၏ လိုအပ်ချက်နှင့် လုပ်ဆောင်နေမူတို့ကို အကျယ်တ၀င့် ပြောကြားကာ ပြည်နယ် အတွင်းရေးမှူးမှ လိုအပ်ချက်နှင့် လုပ်ဆောင်ရန်တို့ကို အပြန်အလှန်အကျယ်တ၀င့် ပြောကြားခဲ့ကြပြီး ဒေါက်တာ ထင်လင်းဦး ဦးဆောင်သော (ဖြိုးစေတနာ) နယ်လှည့်အခမဲ့ ကုသမူတို့ ပြောကြားခဲ့ကာ အစည်းအဝေးကို ညနေ (၆း၁၀) အချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

ကျောက်ဖြူခရိုင် မီဒီယာ