ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ

 

ကြို့ပင်ကောက် ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၉ နာရီတွင် ကံကြီးအုပ်စု /ကျေးရွာရှိ ပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးမောင်နိုင် နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို အခမ်းနားမှူး ဒေါ်တင့်တင့်ခိုင်က ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးခင် မောင်လွင်က အဖွင့်စကားနှင့် ယနေ့ဖြစ်ပေါ်နေ သောပကတိ အခြေအနေအကြောင်း အရာများကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန္တာအောင်တို့က သိကောင်းစရာများကို ပြောကြားကာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးတင်စိုးက ဆွေးနွေးခဲ့သည်။ အခမ်းအနား ဆက်လက်ကျင်းပရာ မြို့နယ်ပါတီ ကော်မတီဝင် တောင်သူ လယ်သမားရေးရာ တာဝန်ခံ ဦးအေးထွန်းက ဆွေးနွေးပြီး ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးမောင်နိုင်က ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူတို့က သိလိုသည်များအား မေးမြန်းဆွေးနွေးရာ ပါတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေး၍ ဖဲကြိုးဖြတ်ခြင်း အခမ်းအနားအား ကျင်းပကာ ပါတီ မြို့နယ်ဥက္ကဋ္ဌ ရပ်/ကျေး ပါတီဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများက အမွှေးနံ့သာရေများဖြင့် ပက်ဖျန်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနေ့ အခမ်းအနားအပြီးတွင် ပါတီ၏ မြို့နယ်ဥက္ကဋ္ဌနှင့်အတူ ဒေသခံများဖြင့် စုပေါင်းကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ ကြောင်းသိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)