ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေး ကျင်းပ

 

ဇွန်(၁၈)၊ ၂၀၁၉

၂၀၁၉ ခုနှစ် ဇွန်လ (၁၈) ရက်နေ့ နံနက် (၀၉း၀၀) အချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟို ကော်မတီဝင်) နှင့် ပြည်နယ် ကော်မတီဝင်များ၊ ခရိုင် (၅) ခရိုင်ရှိ ပါတီဥက္ကဋ္ဌများ၊ မြို့နယ် (၁၇) မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ် အတွင်းရေးမှူးမှ ပါတီဆိုင်ရာ ကိစ္စရပ်များ ပြောကြားခြင်း၊ ပြည်နယ်ဘဏ္ဍာရေးမှူးမှ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပြည်နယ်ကော်မတီဝင်များမှ မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ များမှ မိမိတို့မြို့နယ်၏ လိုအပ်ချက်များ၊ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပါတီစည်းရုံးရေး ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့က ပြန်လည် ရှင်းလင်းဆွေးနွေး ပေးခဲ့ကြ ပါသည်။

Rakhine USDP