လေးမျက်နှာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

လေးမျက်နှာ ဇွန် ၁၇

လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လေးမျက်နှာ မြို့ပေါ်ရှိ အမှတ် (၅) ရပ်ကွက် ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရပ်ကျေးပါတီရုံးဖြစ်သည့် လေးမျက်နှာမြို့ အမှတ် (၅) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရပ်ကျေးကော်မတီဝင် ဦရဲထွဋ် နေအိမ်တွင် ကျင်းပခဲ့ သည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်းသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးဇော်ဝင်းအောင်နှင့် စည်းရုံးရေးရာ တာဝန်ခံ ဦးစိုးမြင့်၊ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ခေါင်းဆောင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ပြီး မြို့နယ်ပါတီနှင့် ရပ်ကျေးပါတီ ကော်မတီဝင်များက ပါတီအောင်နိုင်ရေး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကာ ပါတီဆိုင်းဘုတ်နှင့် ပါတီအလံတို့ကို စုပေါင်းစိုက်ထူ၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)