မွန်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ရှိ ရပ်မိရပ်ဖများနှင့် ပြည်နယ်ခရိုင်မြို့နယ် ရပ်ကျေးပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း

 

မော်လမြိုင် ဇွန် ၁၆

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင် ကြည်သိန်း၊ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးလွင်မိုးနှင့် ပြည်နယ်ကော်မတီဝင် များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသော ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပါတီဗဟိုအလုပ်အမှုဆောင် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးက ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးဆောင်ရွက် ခဲ့သည်။

ထို့နောက် ရပ်/ကျေးပါတီဥက္ကဋ္ဌများက မိမိတို့၏ ဆောင်ရွက်ချက်များ၊ အောက်ခြေ အခြေအနေများကို တင်ပြ ခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။