ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲများ ပြုလုပ်

 

ပဲခူး ဇွန် ၁၃

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင်သော မြို့နယ်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် တာဝန်ရှိဒေသခံများနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပေးခြင်းများ ပြုလုပ်ခဲ့ပြီး ရပ်မိရပ်ဖများ၊ ရပ်ကွက်၊ ကျေးရွာ ပါတီဝင်များနှင့် တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ၂ဝ၂ဝ ရွေးကောက်ပွဲ ပါတီအောင်နိုင်ရေး ကိစ္စရပ်များ၊ စစ်မှန်သော ပါတီဝင်အင်အား တိုးမြှင့်ရရှိရေးအတွက် စည်းရုံးရေးဆိုင်ရာ ကိစ္စများအား တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ကြသည်။

မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ပဲခူးမြို့နယ် ဘုရားကြီးမြို့ အုပ်ချုပ်မှု နယ်မြေအတွင်းရှိ ပျဉ်ပုံကြီးကျေးရွာ၊ ဝမ်းဘဲအင်းကျေးရွာနှင့် ဘုရားကလေး ကျေးရွာတို့တွင် ရပ်ကျေးပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်များအား သက်ဆိုင်ရာ ကျေးရွာပါတီဝင်များနှင့်အတူ စိုက်ထူခဲ့ကြောင်း သိရသည်။တင်စိုး(ပဲခူး)